Script Writer

 
“ Clubhouse Masterclass ကို Personal branding ပိုင်းကို လေ့လာချင်တာကြောင့် တက်ဖြစ်ခဲ့တာဖြစ်ပြီး Professional Plan ထိ ယူခဲ့ပါတယ်။ ဒီ Class မှာ ကျွန်မ မျှော်လင့်ခဲ့တဲ့ Personal Branding သာမကပဲ အခြားသော အရာများစွာကိုလည်း သိခဲ့ရပါတယ်။ Clubhouse Masterclass လို့ နာမည်တပ်ထားပေမဲ့ တကယ်တမ်းမှာတော့ ဒီ Masterclass က သင်ခန်းစာတွေက Clubhouse အတွက်တင်မဟုတ်ဘဲ ကဏ္ဍတိုင်းမှာ အသုံးဝင်တယ်လို့ မြင်မိပါတယ်။ နားမလည်တာကို ပြန်လည်မေးမြန်းရင်လည်း ကိုလပြည့်က စိတ်ရှည်လက်ရှည်ရှင်းပြပေးတာဖြစ်လို့ သင်ယူရတာ အဆင်ပြေပါတယ်။
ကျွန်မ အတွေ့အကြုံအရတော့ ကိုယ့်ကိုယ်ကို ပြောင်းလဲချင်တယ် Professional ဆန်ဆန် ပြောဆို လုပ်ကိုင်တတ်ချင်တယ်ဆိုရင် Clubhouse Masterclass ကို တက်ကြည့်လိုက်ပါ။ ကိုယ်တိုင်တက်ရောက်ကြည့်ရင် အကျိုးကျေးဇူးကို ကိုယ်တွေ့ခံစားသိရပါလိမ့်မယ်ဆိုတာ သေချာပါတယ်။
အခုဆိုရင် ကျွန်မကတော့ Masterclass မှာ သင်ယူခဲ့ရတာတွေကို အသုံးချပြီး ကျွန်မလုပ်ချင်တဲ့ Lifestyle and travel YouTube channel လုပ်ဖို့အတွက် ယုံကြည်မှုတွေ ရှိနေပါပြီ။ Clubhouse Masterclass ကိုဖွင့်လှစ်ပေးခဲ့တဲ့ ကိုလပြည့်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ “
badge